ရေးချင်တဲ့စိတ်ပေါက်ရင် ထရေးတယ်။ အိမ်မှာနေရတာ သိပ်မကြိုက်ဘူး။ အိမ်မှာနေလည်း အလွန်ဆုံး တစ်ပါတ်ပဲ။ အဲ့ထပ် ပိုမနေနိုင်ဘူး။ ကွန်ပြူတာကို မဝယ်နိုင်လို့ သူငယ်ချင်းတွေဆီက ယူသုံးခဲ့ရပေမယ့် ပိုက်ဆံစုမိတာနဲ့ အရင်ဆုံး လက်ပတော့လေး ပြေးဝယ်မိခဲ့တာပဲ။ ခုထိ အဖေ့ခြေရာ မမှီသေးဘူးလို့ ခံစားရတယ်။( သူ့တုန်းက အသက်၂၀ ဆိုတာနဲ့ မိန်းမယူနေပြီ၊ အဲ့တာကို ခံစားနေတာ အဟီး) ဓါတ်ပုံရိုက်တာ ဝါသနာပါပေမယ့် ကင်မရာ မဝယ်နိုင်သေးဘူး။ ဝယ်လိုက်တာနဲ့ ဒီ blog ပေါ် ဓါတ်ပုံတွေလာမယ်သာမှတ်ထား ဟဲဟဲ။ အကြိုက်ဆုံး အလုပ်ကတော့ ကမ္ဘာပတ်ရတာပဲ။ ကျွန်တော်ရေးတဲ့ blog က စာဖတ်ပြီး ခင်ဗျားအတွက် တခုခုကျန်သွားမယ်ဆိုရင် ကျွန်တော်ရေးရကျိုးနပ်ပါတယ်ဗျာ။